လောကမှာ
ညစ်ညမ်းမှု့တွေကင်းစင်ဖို့
စည်ပင်လုပ်သားတွေလည်းလိုအပ်တယ်
လောကမှာ
အင်ဂျင်နီယာတွေ အမြတ်ကျန်ဖို့
ပန်းရံလုပ်သားတွေလည်း လိုအပ်တယ်
လောကမှာ
ဆရာဝန်တွေချမ်းသာဖို့
လူနာများလည်း လိုအပ်တယ်
လောကမှာ
သူဌေးသူကြွယ်တွေပေါများဖို့
သူဆင်းရဲတွေလည်း လိုအပ်တယ်
တကယ်တော့လောကမှာ
အရာရာဟာ မကင်းစင်
အလင်းမြင်ဖို့ အမှောင်ခွဲ
သူဆင်းရဲတွေရဲ့ဘ၀ " ငြမ်း" တစ်ခုမျှသာ
ရဲထွန်းဦး(မော်လမြိုင်)
Photo
Sunday, June 3, 2012
အမေ
အမေ....
သားတစ်ချိန်က ဆိုးသမျှကို
ဝန်ချတောင်းဆို ကျွေးဆပ်လိုလည်း
ကြိုးစားဆဲမှာ ဘ၀အဆက်ပြတ်ခဲ့ပြီ
အမေ.....
သားတို့တွေကို လိမ်မာလို၍
ပြောဆိုကြိမ်းမောင်း ရိုက်နှက်ထောင်းလည်း
ဆောင်းတွင်းကာလ မအေးလှစေ
မိုးလှခါဆို မိုးမစိုရန်
ဂိမ်မာန်နွေ၏ ပူမမိအောင်
အိမ်ဆောင်ဝတ်စား ပြည့်စုံညုားဖို့
မနားနေ့ည မေတ္တာမျှလျှက်
အမေ့အသက်ပါစတေးခဲ့
အမေ.....
သားတို့အမေ
လူသာသေလည်း အမေပေးသည့်
အမွေသွေးမေတ္တာ စေတနာနှင့်
ဘာသာတရား ခုံမင်အားတို့
သား၏ရင်တွင်း အမွေးကြွင်းမည်
ကမ္ဘာတည်သရွှေ့ ရှင်သန်စေမည်
အမေ.....
အမေကပေး သားကမွေးသည့်
သား၏ကုသိုလ် များထိုထိုတွေ
အမေထပ်တူရပါစေ
အမေ.....
သားပြုသမျှ ကုသလကို
ဘ၀တစ်ပါး အမေအားလည်း
မလွှဲသဓုခေါ်နိုင်စေ
ရဲထွန်းဦး(မော်လမြိုင်)
Tuesday, March 13, 2012
Subscribe to:
Posts (Atom)