လောကမှာ
ညစ်ညမ်းမှု့တွေကင်းစင်ဖို့
စည်ပင်လုပ်သားတွေလည်းလိုအပ်တယ်
လောကမှာ
အင်ဂျင်နီယာတွေ အမြတ်ကျန်ဖို့
ပန်းရံလုပ်သားတွေလည်း လိုအပ်တယ်
လောကမှာ
ဆရာဝန်တွေချမ်းသာဖို့
လူနာများလည်း လိုအပ်တယ်
လောကမှာ
သူဌေးသူကြွယ်တွေပေါများဖို့
သူဆင်းရဲတွေလည်း လိုအပ်တယ်
တကယ်တော့လောကမှာ
အရာရာဟာ မကင်းစင်
အလင်းမြင်ဖို့ အမှောင်ခွဲ
သူဆင်းရဲတွေရဲ့ဘ၀ " ငြမ်း" တစ်ခုမျှသာ
ရဲထွန်းဦး(မော်လမြိုင်)
No comments:
Post a Comment